ရုရှား ဂျက်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူမရှိသော်လည်း ၁၆ဦး ဒဏ်ရာရရှိ

ရုရှားဂျက်လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မော်စကို၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ)

    Siberia ပြည်နယ်တွင် ပျက်ကျခဲ့သော ရုရှား Il-18လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လူ၃၉ဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် အနည်းဆုံး ၁၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း RIA Novosti သတင်းဋ္ဌာန က ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ပြောကြားချက်ကို ကိုးကား၍ ဒီဇင်ဘာ ၁၉ရက်တွင်ဖော်ပြခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူများအား ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း Tiksi မြို့ ရှိ ဆေးရုံများသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ရက်နံနက်ပိုင်းက Tiksiလေပိုင်နက်မှ ၁၉မိုင်အလွန်တွင် Il-18လေယာဉ် မြေပြင်သို့ ပျက်ကျခဲ့ကြောင်း နှင့် လေယာဉ်ပေါ်၌ ခရီးသည် ၃၂ဦး နှင့် လေယာဉ်ဝန်ထမ်း ၇ဦးလိုက်ပါလာကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အတည်ပြုခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှား ဂျက်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူမရှိသော်လည်း ၁၆ဦး ဒဏ်ရာရရှိ ရုရှား ဂျက်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူမရှိသော်လည်း ၁၆ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.