![]() |
ဆင်ဦးစီးတစ်ဦးအား တွေ့ ရစဉ် |
ဖြစ်စဉ်မှာ မင်းတုန်းမြို့နယ်၊ မင်းတုန်းကြိုးပြင်အကွက်(၄၈)၊ တန်းချောင်းဆင်စခန်း၌ ဒီဇင်ဘာ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က လူတစ်ဦးဆင်နင်းသေဆုံးကြောင်းသတင်းအရ မင်းတုန်းမြို့နယ်၊ တိုင်တားရဲကင်းစခန်းမှူး ရဲအုပ် မြို့ကြည် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့ မွန်းလွဲ(၁)နာရီ အချိန်က တန်းချောင်းဆင်စခန်းတွင် ချည်နှောင်ထားသည့် ထီး/စုံအမှတ်(၅၈၉၈)၊အသက်(၄၁)နှစ်ခန့်ရှိသော ဇော်သန်းမောင်အမည်ပါဆင်အား ဆင်ဦးစီးဦးကျော်လှိုင်၊၅၇နှစ်၊တန်းသရက်ချည်အုပ်စု၊ မင်းတုန်းမြို့ နယ်နေသူ နှင့် သားဖြစ်သူ သန်းနိုင်ထွန်း၊(၂၁)တို့နှစ်ဦး မှ ဆင်နေရာရွှေ့ပြောင်းရန်အတွက် သန်းနိုင်ထွန်း မှဆင်ပေါ်သို့တက်ပြီး ဦးကျော်လှိုင်မှ ဆင်လက်တွဲကြိုးအားဖြုတ်နေစဉ် မုန်ယိုပြီး ဦးကျော်လှိုင်အား အစွယ်ဖြင့်ထိုးကလော်စဉ် သန်းနိုင်ထွန်းမှာ ဆင်ပေါ်မှခုန်ချ ထွက်ပြေးခဲ့ပြီး ဦးကျော်လှိုင်မှလည်းထွက်ပြေးခဲ့ရာ ဆင်မှာနောက်မှလိုက်လာပြီး ပေ(၃၀)ခန့်အကွာ အရောက်တွင် ဦးကျော်လှိုင်အား တက်နင်းခဲ့ရာ ဦးကျော်လှိုင်တွင် ဝမ်းဗိုက်ပေါက်ပြဲအူထွက်၊ ဝဲဘယ်ဘက်ခြေထောက် လိမ်ကောက် ၊ ယာပေါင်ရင်းပေါက်ပြဲ၊ ဝဲပါးစောင်းပေါက်ပြဲဒဏ်ရာတို့ဖြင့်သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းအမျိုးသား သေဆုံးမှုနှင့်ပက်သက်၍ ဒီဇင်ဘာ(၃)ရက်နေ့တွင် ရဲအုပ်မြို့ကြည်မှ တိုင်ကြားခဲ့၍ မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဆင်စခန်းတွင် ဆင်ဦးစီးတစ်ဦး ဆင်နင်း၍ သေဆုံး
Reviewed by THITHTOOLWIN
on
19:13
Rating:
