ဖိလစ်ပိုင်ဒုတိယသမ္မတ နှုတ်ထွက်စာတင်ခြင်းကို ဒူတာတေးလက်ခံ


မနီလာ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ၄င်း၏အစိုးရအဖွဲ့ ဝင်အဖြစ်မှ ဒုတိယသမ္မတ Leni Robredo က နှုတ်ထွက်စာတင်ခြင်းကို ဒီဇင်ဘာလ ၅ ရက်က လက်ခံလိုက်ကြောင်းသိရသည်။
Leni သည် ရှေ့ လာမည့် ဖိလစ်ပိုင်နိုင်ငံအစိုးရအဖွဲ့ ဝန်ကြီးအစည်းအဝေးများကို တက်ရောက်တော့မည်မဟုတ်ကြောင်း ပြောကြားချက်ကို ဒူတာတေးက လက်ခံပေးခဲ့ခြင်းဖြစ်သည်။

“ ဒုတိယသမ္မတ Leni Robredo ရဲ့ နှုတ်ထွက်စာတင်တဲ့ကိစ္စကို အင်မတန်ကြေကွဲဝမ်းနည်းစွာနဲ့ ပဲ ကျွန်တော်လက်ခံလိုက်ပါတယ်” ဟု သမ္မတဒူတာတေး၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရအဖွဲ့  ကူးလူးဆက်ဆံရေးအတွင်းရေးမှူး Martin Andanar က ဆိုသည်။


Robredo ၏ နှုတ်ထွက်စာတွင် အိုးအိမ် နှင့် မြို့ ပြဖွံ့ ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကောင်စီ(HUDCC) အဖွဲ့ အမျိုးသမီးဥက္ကဋ္ဌရာထူးမှလည်း နှုတ်ထွက်မည့်အကြောင်း ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ နှုတ်ထွက်စာကို သမ္မတထံလိပ်မူပြီး ဒီဇင်ဘာလ ၅ ရက်က ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း နှင့် အစိုးရအမှုဆောင်အတွင်းရေးမှူးရုံးက ၄င်းနှုတ်ထွက်စာကို နံနက် ၉ နာရီ ၇ မိနစ်တွင် တရားဝင်လက်ခံရရှိခဲ့ကြောင်း သိရသည်။

 (Xinhua)
China Xinhua News
ဖိလစ်ပိုင်ဒုတိယသမ္မတ နှုတ်ထွက်စာတင်ခြင်းကို ဒူတာတေးလက်ခံ  ဖိလစ်ပိုင်ဒုတိယသမ္မတ နှုတ်ထွက်စာတင်ခြင်းကို ဒူတာတေးလက်ခံ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.