![]() |
တရုတ်နိုင်ငံကလွှတ်တင်ခဲ့သည့် Fengyun-4 မိုးလေဝသစောင့်ကြည့်ရေး ဂြိုဟ်တုအားတွေ့ရစဉ် (ဆင်ဟွာ) |
တရုတ်နိုင်ငံသည် ဂြိုဟ်ပတ်လမ်းအတွင်းရှိ မိုးလေဝသစောင့်ကြည့်ရေး ဂြိုဟ်တုများအား အဆင့်မြှင့်တင်မှုတစ်ရပ် အနေဖြင့် ဒီဇင်ဘာ ၁၁ရက် ဒေသစံတော်ချိန် နံနက် ၁၂း၁၁နာရီ တွင် မိုးလေဝသ စောင့်ကြည့်ရေး ဂြိုဟ်တုတစ်ခုအား လွှတ်တင်ခဲ့ကြောင်း သိရသည်။
Fengyun-4 အမည်ရှိ ဂြိုဟ်တုသည် ဂြိုဟ်ပတ်လမ်းအတွင်း တရုတ်နိုင်ငံ၏ ပထမဆုံး ဒုတိယမျိုးဆက် မိုးလေဝသ ဂြိုဟ်တုတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုအား တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း ရှီချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး တရုတ်နိုင်ငံရှိ Long Marchအမျိုးအစား ဒုံးပျံများ၏ ၂၄၂ကြိမ်မြောက် လွှတ်တင်မှုလည်း ဖြစ်ကြောင်း သိရသည်။
ယင်း ဂြိုဟ်တုသည် တရုတ်နိုင်ငံ နှင့် ပတ်ဝန်းကျင်ဒေသများပေါ်ရှိ ကမ္ဘာ့လေထု၊ တိမ်အခြေအနေ နှင့် အာကာသပတ်ဝန်းကျင် တို့ကို ကောင်းစွာ လေ့လာစောင့်ကြည့်သွားမည်ဖြစ်ပြီး မိုးလေဝသ နှင့် ရာသီဥတု ခန့်မှန်းမှုများကို သိသာထင်ရှားစွာ တိုးတက်လာစေမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပံ္ပ၊ နည်းပညာ နှင့် စက်မှုလုပ်ငန်း စီမံအုပ်ချုပ်ရေးဋ္ဌာန၏ ဖော်ပြချက်အရသိရသည်။
တရုတ်နိုင်ငံ မိုးလေဝသဦးစီးဋ္ဌာနက အဆိုပါဂြိုဟ်တုအား အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်ကာလများ၌လည်း တရုတ်နိုင်ငံသည် မိုးလေဝသ စောင့်ကြည့်ရေး ဂြိုဟ်တု ၁၄ခုလွှတ်တင်ခဲ့ပြီး ၎င်းတို့အနက် ၇ခုမှာ ဂြိုဟ်ပတ်လမ်းအတွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
တရုတ်နိုင်ငံသည် မျိုးဆက်သစ် မိုးလေဝသ စောင့်ကြည့်ရေး ဂြိုဟ်တု လွှတ်တင်
Reviewed by THITHTOOLWIN
on
17:26
Rating:
