![]() |
ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်။ Photo: RFA |
ဆုံးရှုံးနစ်နာမှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးပြန်လည်ပတ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မောင်တော ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်း က ပြောပါတယ်။
မောင်တောမြို့နယ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်ကပြီး မောင်တောနယ်စပ်ကုန်သွယ်ရေး ဂိတ်တွေအားလုံးကို ရပ်နားထား ခဲ့ရတာဖြစ်ပါတယ်။
တစ်ချို့ အလွယ်တကူသယ်ယူလို့ ရနိုင်တဲ့ ကုန်ပစ္စည်းတွေကိုတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေတစ်ဆင့် ပြောင်းရွှေ့တင်ပို့ခဲ့ပေမယ့် ဝါးတင်ပို့မှု လုပ်ငန်းတွေကိုတော့ အားလုံးရပ်ဆိုင်း ထားရတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း မြန်မာဘက်ကို ကုန်ပစ္စည်းတွေ ပြန်လည်တင်ပို့တာတွေ ဒီနေ့အထိ ရပ်ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။
မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေတစ်ဆင့် မြန်မာဘက်က ပုစွန်၊ ငါးခြောက်စတဲ့ ရေထွက် ကုန်ပစ္စည်းတွေကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အများဆုံးတင်ပို့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကတော့ ဒန်နဲ့ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ပလပ်စတစ်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေ အများဆုံး ပြန်လည်တင်သွင်းတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
နယ်စပ်ကုန်သွယ်ရေး ရပ်နားထားတဲ့နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁သန်းအထိ ဆုံးရှုံး
Reviewed by THITHTOOLWIN
on
21:16
Rating:
