ဒတ်မက်စ်ကပ်စ် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အလက်ပိုမြို့ ၏ အရှေ့ ပိုင်း၌ အရှုပ်အထွေးများ ဖြစ်ပေါ်နေစဉ်အတွင်း သူပုန်တပ်ဖွဲ့ ဝင်များသည် အလက်ပိုမြို့ ဟောင်းမှ ဆုတ်ခွာသွားကြပြီ ဖြစ်ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်းတွင် သတင်းဖော်ပြခဲ့သည်။
သူပုန်တပ်ဖွဲ့ ဝင်များသည် အလက်ပို ရှေးဟောင်းမြို့ မှ ဆုတ်ခွာ၍ အရှေ့ တောင်ဘက် အနီးအနားမြို့ ထဲသို့ ဝင်ရောက်သွားကြကြောင်း ၊ ၄င်းမြို့ သည် သူပုန်တို့ ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေသေးကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
အလက်ပိုမြို့ မှ ကစဥ့်ကလျား ဆုတ်ခွာသွားသော သူပုန်တပ်ဖွဲ့ ဝင်များသည် အိမ်နီးချင်း al-Sha’ar မြို့ သို့ ဝင်ရောက်၍ အင်အားပြန်လည် စုစည်းလျက်ရှိကြောင်း ၊ အလက်ပို အရှေ့ ပိုင်းတွင် သူပုန်တပ်ဖွဲ့ ဝင်များကို ကူညီပေးနေသည့် အယ်လ်ကိုင်းဒါ အဖွဲ့ နှင့် ဆက်နွယ်မှုရှိသည့် Nusra က အဓိက ထိန်းချုပ်ထားကြောင်း ဆီးရီးယားတပ်ဖွဲ့ သတင်းအရင်းအမြစ်ကို ကိုးကား၍ သတင်းများက ဖော်ပြသည်။
China Xinhua News
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ ဟောင်း မှ သူပုန်တပ်များ ဆုတ်ခွာ
Reviewed by THITHTOOLWIN
on
15:24
Rating:
