လက်နက်ကိုင်တစ်စုက သေနတ်ပစ်ဖောက်၍ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်


ဒီဇင်ဘာ ၁၅၊ ၂၀၁၆

မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာအတွင်း လက်နက်ကိုင်တစ်စုက သေနတ်ပစ်ဖောက်၍ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖုန်းသတင်းပေးပို့ချက်ရရှိ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် ည ၉နာရီ ၄၅မိနစ်တွင် သွားရောက် စစ်ဆေးခဲ့ရာ လက်နက်ကိုင် ၁၇ ဦးခန့်က သဝန်ချောင်းမြောက်ရွာနေ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်အား ဖမ်းဆီးသွားကြောင်း သိရသည်။

ကိုးတန်ကောက်ကျေးရွာနေ မော်လဝီဇူပိုင်ခေါင်းဆောင်သည့်အဖွဲ့သည် ရွာ၏ အရှေ့ဘက်မှ ဝင်ရောက်၍ ဟာဘီရော်မာန်အား ဖမ်းဆီးကာ ၄င်း၏နေအိမ်နှင့် ရွာထဲ၌ သေနတ်တစ်ချက်စီ ပစ်ဖောက် ခြောက်လှန့်ခဲ့ပြီး သဝန်ချောင်းရွာသစ်ဘက်သို့ ခေါ်ဆောင်သွားကြောင်းနှင့် သေနတ် ၂လက် ပါရှိကြောင်း သိရသည်။

ဟာဘီရော်မာန်၏ နေအိမ်မီးဖိုချောင်းအတွင်းမှ ကျည်ခွံ (၁) ခု သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သဝန်ချောင်းရွာအရှေ့ဘက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
လက်နက်ကိုင်တစ်စုက သေနတ်ပစ်ဖောက်၍ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်  လက်နက်ကိုင်တစ်စုက သေနတ်ပစ်ဖောက်၍ ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.