မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် လက်လုပ်သေနတ်တစ်လက် ဖမ်းဆီးရမိ


ရမည်းသင်း ဒီဇင်ဘာ ၆

ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ဝင်းသမိန်နှင့် ရဲအုပ်ကျော်မင်းသက်တို့ ဦးစီးအဖွဲ့သည် ဒီဇင်ဘာလ (၆)ရက်နေ့ ယနေ့  နံနက်က ရမည်းသင်းမြို့ နယ်၏ အရှေ့ဘက် ပေါင်းလောင်းဒေသ ရွှေသတ္ထု တူးဖော်ရေးလုပ်ငန်း သွာသည့် ကားလမ်းဘေးရှိ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ရဲဒင်၏ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ ခွန်လှထူး ( ခ ) ပြောင်ကြီး ၊ ခွန်သပြုံး၊ သန်းလှိုင်နှင့် စိုးကြိုင်တို့အားတွေ့ရှိပြီး စစ်ဆေးရာ မူးယစ်ဆေးဝါ (၁၄၈၀) ပြားနှင့် ဆေးပြားရှုရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို ရှာဖွေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ရဲဒင်၏အိပ်ခန်းအတွင်းရှာဖွေရာမှ လက်လုပ်သေနတ် တစ်လက်ကို တွေ့ရှိသိမ်းဆည်းပြီး ရမည်းသင်း မြို့မ စခန်းတွင် မယ(ပ)၁၄/၂၀၁၆ ၊ မူးယစ်/စိတ်ပြောင်း ၁၅/၁၉ (က) /၂၀(က)/၂၁/၂၂(ခ)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် လက်လုပ်သေနတ်တစ်လက် ဖမ်းဆီးရမိ  မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် လက်လုပ်သေနတ်တစ်လက် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.