နတ်မြစ်အတွင်း မသင်္ကာသူ ၈ဦးနှင့်အတူ ဆေးခြောက်များ ဖမ်းဆီးရမိ

မသင်္ကာသူ ၈ဦးနှင့်အတူ ဆေးခြောက်များဖမ်းဆီးရမိ
ဒီဇင်ဘာ ၁၆၊ ၂၀၁၆

မောင်တောမြို့နယ် နတ်မြစ်အတွင်း ဒီဇင်ဘာ ၁၆ ရက်က ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ မသင်္ကာသူ (၈) ဦးနှင့် ဆေးခြောက်ထုပ် (၂၈) ထုပ်တို့ ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ဒီဇင်ဘာ ၁၆ ရက် နံနက် ၂နာရီ ၅၅ မိနစ်တွင် တပ်မတော်ရေယာဉ်များဖြင့် လုံခြုံရေးကင်းလှည့်နေစဉ် မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိ ရသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တောင်ဘက်သို့ ထွက်ပြေးသွားသောကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ နံနက် ၃ နာရီ ၅မိနစ်တွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁စီးအားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့်စက်လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်မြို့ တနာဂရွာမှ နူကာဆင်၊ မူဟာမတ်ရှူဒစ်၊ ဆွာလင်း၊ စုစဉ်တန်၊ ဘာလ်ဘူ၊ အေမာန်ဟူစွန်၊ မူဂျူလာနှင့် ဆာ့ဒစ် တို့ ရှစ်ဦးတို့အား ဆေးခြောက် ၁ ကီလိုခန့်ရှိ ဆေးခြောက်ထုပ် (၂၈) ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ငါးဖမ်းစက်လှေသည် တက္ကနပ်ဖ်မြို့မှ ကျောက်ပန္တုအနောက်ဘက်သို့ထွက်ခွာလာခဲ့ပြီး ဖမ်းဆီးရမိသည့်နေရာတစ်ဝိုက်တွင် ပိုက်ချငါးဖမ်းသည့်ပုံစံဟန်ဆောင်၍ စစ်တွေမြို့မှ လာရောက် ယူဆောင်၍ လှေအားစောင့်ဆိုင်းစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးရမိသူ ၈ ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
နတ်မြစ်အတွင်း မသင်္ကာသူ ၈ဦးနှင့်အတူ ဆေးခြောက်များ ဖမ်းဆီးရမိ နတ်မြစ်အတွင်း မသင်္ကာသူ ၈ဦးနှင့်အတူ ဆေးခြောက်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.