ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အမှတ် (၃)နယ်မြေ ရဲစခန်းအပိုင် ဆိတ်ဖူးတောင်ရွာ(အရှေ့ပိုင်း)မှာ ဒီဇင်ဘာ (၁၇)ည(၈)နာရီခန့်က မင်္ဂလာဆောင်ကနေ လုပ်ကိုင်ကူညီပြီး ပြန်လာသူမှာဓါးနဲ့အခုတ်ခံရမှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ နယ်မြေရဲစခန်း အရှေ့ဘက် (၄) မိုင်ခန့်အကွာရှိ ဆိတ်ဖူးတောင်(အရှေ့ပိုင်း) တောင်ငူမြို့နေသူဟာ နေအိမ်မှာရှိနေစဉ် တစ်ရွာတည်းနေ လူငယ်နှစ်ဦးအကြောင်း ကြားလာတာကြောင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူဟာ ဒဏ်ရာတွေနဲ့ လှည်းလမ်းမှာ လဲကျသေဆုံးနေခဲ့ပါတယ်။
သားဖြစ်သူဟာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းကို သတင်းပို့ တိုင်ကြားခဲ့ကြောင်း၊ သေဆုံးသူမှာ ရော်ဘာခြံမှာ အလုပ်လုပ်ကိုင်နေပြီး မသေဆုံးမီ မင်္ဂလာဆောင်မှာ ရေဖြန်းကူညီဆောင်ရွက်ပေးခဲ့ပြီး အရက်သေစာ သောက်စားကာမင်္ဂလာဆောင်နေအိမ်က အပြန် အမှောင်ထဲမှာ ဓားနဲ့အခုတ်ခံရတာကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရပါတယ်။
ဖခင်ဖြစ်သူက ပြစ်မှုကျူးလွန်သူကို ဥပဒေအရဆောင်ရွက်ပေးဖို့ တိုင်တန်းထားပြီး အမှတ်(၃) နယ်မြေရဲစခန်းက (ပ)၅၄၉/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၂)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ရဲလုပ်ငန်းတွေနဲ့အညီ တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒီသတင်းကိုပန်းချီသန်းဝင်း (ကျောက်ကြီး) က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
တောင်ငူမြို့ ဆိတ်ဖူးတောင်ရွာ(အရှေ့ပိုင်း)တွင် ဓားခုတ်မှုကြောင့် သေဆုံးမှုဖြစ်ပေါ်
Reviewed by THITHTOOLWIN
on
16:31
Rating:
