ခင်ပွန်းအား သေနတ်သမားငှားရမ်းကာ သတ်ခိုင်းခဲ့သည့် ဆရာဝန် သေဒဏ်အမိန့် ချမှတ်ခံရ


၁၉-၁၂-၂၀၁၆

လွန်ခဲ့တဲ့သုံးနှစ် (၂၀၁၃) ဒီဇင်ဘာလ (၁၉) ရက် နေ့ က ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ သေနတ်ပစ် လက်ရွေးစင် အားကစားသမား X Church Krit အိပ်ချပ်ကစ်ဟာ ကားပေါ်မှာ သေနတ်မှန်သေဆုံးခဲ့ရမှုနဲ့  ပါတ်သက်ပြီး ဇနီးဖြစ်သူ Dr. Nidhi Wadi Phucharoeဒေါက်တာ နီဒ၀ဒီ ပချာရို ကို ဘန်ကောက်မြို့  မင်ဘူ ရီ တရားရုံးက ယနေ့  မနက် ပိုင်းမှာ သေဒဏ်ကျခံရန်အမိန့် ချခဲ့ပြီး အခကြေးငွေနဲ့  သူမငှားရမ်း စေ ခိုင်းခဲ့သူ သေနတ် သမား နဲ့ အတူ ဆိုင်ကယ် နဲ့ လိုက် ပို့ ခဲ့သူကို ပါ တ သက်တကျွန်း အပြစ်ဒဏ်ချ မှတ် ခဲ့ပါတယ်။

တရားခံ ဆရာဝန်ရဲ့  မိခင်ကိုတော့ ပထမပိုင်းမှာ အမှုထိန်ချန်ထားမှု ကြံရာပါ အနေနဲ့  တရားစွဲခဲ့ရပြီး တရားခံ ဆရာဝန်က သူမတစ်ဦးထဲသာ စီစဉ်ခဲ့ တာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့လို့  မိခင်ဖြစ်သူ ကို တရားသေ လွတ်ပေး လိုက်ပါတယ်။


စားသောက်ဆိုင်တစ်ဆိုင်အတွင်း မှာ စတွေ့ ရာက ချစ်သူဖြစ်သွားခဲ့တယ် ၊ ဆရာဝန်ဆိုတဲ့ ဂုဏ် ကို လေးစားတဲ့သူတဲ့  နိုင်ငံကျော် အားကစားသမားဆို တဲ့ကျော်ကြားမှု ကို အထင်ကြီးသူ နှစ်ဦးရဲ့ အချိန်တိုအတွင်း အတူနေကြဘို့  ဆုံးဖြတ်ခဲ့တဲ့ အိမ်ထောင်ရေးဟာ ငါးနှစ်အတွင်းမှာ အမျိုးသားက တချိန်လုံးနှိပ် စက် နေခဲ့တာ ပြသနာအကြိမ်ကြိမ် တက်ခဲ့ကြတာကြောင့် နားကျည်းလာခဲ့ တယ်၊ တရားဝင်ကွာရှင်း မယ် ဆိုရင်လည်း လင်မယား ပြတ်စဲချင်း ဥပဒေ အရ ရှိတဲ့ စည်းစိမ်တ ၀က် ပေးရမှာဖြစ်တာကြောင့် နောက်ဆုံး သတ်ပစ်တဲ့ အထိ ဖြစ်ခဲ့ရတဲ့ မှုခင်းဖြစ်ပါတယ်။

Social Action for Women - SAW
ခင်ပွန်းအား သေနတ်သမားငှားရမ်းကာ သတ်ခိုင်းခဲ့သည့် ဆရာဝန် သေဒဏ်အမိန့် ချမှတ်ခံရ  ခင်ပွန်းအား သေနတ်သမားငှားရမ်းကာ သတ်ခိုင်းခဲ့သည့် ဆရာဝန် သေဒဏ်အမိန့် ချမှတ်ခံရ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.