စစ်ပြေးမူလတန်းကျောင်း တရုတ်အစိုးရ ဖျက်သိမ်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်။ Photo: Kan Thar/RFA
မြန်မာနိုင်ငံနယ်စပ်အနီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာ မြန်မာပြည် ကိုးကန့်ဒေသက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ စေတနာ့ မူလတန်းကျောင်းတစ်ခုကို သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေက ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ Global Times သတင်းစာက ကြာသပတေးနေ့မှာ ဖေါ်ပြလိုက်ပါတယ်။

အဲဒီကျောင်းကို ပြီးခဲ့တဲ့ မတ်လက ဖွင့်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်း တရုတ်ကျောင်းဆရာ ၅ ဦးက ကလေး ၁၈ဝ ကျော်ကို သင်ကြားပေးနေတာဖြစ်ပါတယ်။ အလားတူ တခြား စေတနာမူလတန်းကျောင်း ၄ ခုကိုလည်း ပိတ်ပစ်မယ်လို့ တရုတ်အာဏာပိုင်တွေက အသိပေးထားကြောင်း ဂေါင်လွန်းဖန် ဆိုတဲ့ စေတနာ့ဝန်ထမ်း တရုတ်ကျောင်းဆရာက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

စစ်ပြေးမူလတန်းကျောင်း တရုတ်အစိုးရ ဖျက်သိမ်း စစ်ပြေးမူလတန်းကျောင်း တရုတ်အစိုးရ ဖျက်သိမ်း Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.