ရန်ကုန်မြို့ ၃၈ လမ်းတွင် လူစည်ကားချိန် အနုကြမ်းစီးမှု ဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်(၆)ရပ်ကွက် ၃၈ လမ်းတွင် ဒီဇင်ဘာ ၇ ညနေ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် အနုကြမ်းစီးလုယက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ၃၈ လမ်း အလယ်ဘလောက်ရှိ Stylish Fashion Shop တိုက်အမှတ် ၁၃၇ တွင် မဇင်မာဝင်း(အရောင်းစာရေး)အလုပ်လုပ်နေစဉ် အမျိုးသားတဦးဆိုင်ထဲသို့ ၀င်လာ၍ ဓားထောက်လုယက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ကောင်မလေးရဲ့ ဖြေကြားချက်အရသိရတာပါ။ လုယက်ခဲ့သူက အသက် ၃၀ ကျော်လောက်ရှိပြီး လူမျိုးခြားတယောက်ဖြစ်တယ်။ ၃ နာရီ ၂၀ လောက်က ၀င်လာပြီး ဓားထောက်တောင်းဆိုခဲ့တာ။ ဓားကတော့ လက်သည်းညှပ်အရွယ်ပုံသဏ္ဍာန်ဓားပဲ။ ကောင်မလေးကို ဓားနဲ့ထောက်ပြီး ဆွဲကြိုးရယ်၊ လက်စွပ်နှစ်ကွင်းရယ်ယူသွားပြီး ကောင်မလေးကို ရေချိုးခန်းထဲထည့်ပြီး အပေါက်ပိတ်ခဲ့တယ်”ဟု ကျောက်တံတားမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက ပြောသည်။


ကျူးလွန်သူမှာ ဆွဲကြိုး၊ လက်စွပ်နှစ်ကွင်းနှင့် လက်ကိုင်ဖုန်းတလုံး ယူဆောင်သွားကြောင်း တရားခံ၏ ဖိနပ်နှင့် အခြားသက်သေများစွာရရှိထားကြောင်း လက်ရှိတွင် တရားခံအား အမြန်ဆုံးဖမ်းမိရန် ကြိုးစားဆောင်ရွက်နေကြောင်း ကျောက်တံတားစခန်း ဒုရဲမှူးတိုးမြင့်ကပြောသည်။

ကျော်ကျော်
News Watch
https://www.facebook.com/NewsWatchJournal/
ရန်ကုန်မြို့ ၃၈ လမ်းတွင် လူစည်ကားချိန် အနုကြမ်းစီးမှု ဖြစ်ပွား ရန်ကုန်မြို့  ၃၈ လမ်းတွင် လူစည်ကားချိန် အနုကြမ်းစီးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.