ဒီဇင်ဘာ ၇ ၊ ၂၀၁၆
မောင်တောမြို့နယ်၊ ကျွန်းပေါက်ပြုစုကျေးရွာ ယာယီဈေးဆိုင်တန်းတွင်ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၃နာရီခွဲမှ ၃နာရီ ၅၅မိနစ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ၁၀ ပေ ပတ်လည် ဓနိမိုး၊ ထရံကာ ဆိုင်ခန်း (၉) ခန်း နှင့် ၅ ပေအကျယ်၊ ၅ ပေ အမြင့် သက်ကယ်မိုး အခင်းအကာမရှိသည့် ယာယီဈေးဆိုင် ၂၆ ခန်း စုစုပေါင်း ၃၅ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ကာလ တန်ဖိုး ၂ သိန်း ကျပ်ခန့် ဆုံးရှုံးခဲ့ပါကြောင်းနှင့် တရားခံအားဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့မှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။
ဖြစ်စဉ်မှာ ဈေးဆိုင်တန်းတွင် စားသောက်ကုန်ပစ္စည်း များရောင်းချနေ သည့် ရော်ဖီးမူလာနှင့် ၎င်း၏သား ဖြစ်သူ ရာဖီးယားတို့သည် ၎င်းတို့၏ဈေးဆိုင်၌ ညအိပ်စောင့်နေစဉ် ကျွန်းပေါက်ပြုစုရွာနေ အဒူမာကျက် သည် ဈေးဆိုင်အတွင်း ပစ္စည်းများခိုးယူရန်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်း ဆုံးမပြီး ပြန်လွှတ်ပေးခဲ့ရာ ၎င်းသည်မကျေနပ်၍ ဈေးဆိုင်တန်းများအား မီးရှို့ထွက်ပြေးလျက်ရှိကြောင်း သိရသည်။
(နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCInfoCom/
ကျွန်းပေါက်ပြုစုကျေးရွာ၊ ယာယီဈေးဆိုင်တန်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:44
Rating:
