ရန်ကုန်၊ ဒီဇင်ဘာ ၁၁
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၃ ရပ်ကွက်၊ ခရေပင်လမ်း၊ အမှတ်(၂၂၅)
နေ ဒေါ်စန်းစန်းကြည်၊ အသက်(၇၃)နှစ်သည် ၁၁.၁၂.၂၀၁၆ ရက်နေ့ ၀၇၃၀
အချိန်ခန့်တွင် နေအိမ်မှနေ၍ အပြင်သို့ လမ်းလျှောက်ထွက်သွားရာမှ
ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက
လိုက်လံရှာဖွေစုံစမ်းလျက်ရှိပြီး သုဝဏ္ဏနယ်မြေရဲစခန်းသို့လည်း ပျောက်ဆုံး
ကြောင်း တိုင်ကြားထားရှိပါသည်။
ယင်းသို့ပျောက်ဆုံးနေသူမှာ ဓာတ်ပုံတွင်ဖော်ပြထားသူဖြစ်ပြီး ၎င်းပျောက်ဆုံး
နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာတွင် အမြန်ဆုံးတွေ့ရှိ
နိုင်ရေးအတွက် ပြည်သူများမှလည်း ၎င်းနှင့်ပတ်သက်သည့်သတင်းတစ်စုံ
တစ်ရာရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ သတင်းပေးဆက်သွယ်
ကူညီနိုင်ပါရန် ဖော်ပြအပ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၈၆၁၀၆၈၂၊ ၈၆၁၀၆၈၃၊
သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၈၅၆၂၄၃၆
သင်္ဃန်းကျွန်းမြို့မရဲစခန်း - ၀၁ ၈၅၆၂၅၄၄
သုဝဏ္ဏနယ်မြေရဲစခန်း - ၀၁ ၂၃၃၂၅၈၈
Yangon Police
https://www.facebook.com/yangonpolice/
လမ်းလျှောက်ထွက်သွားရာမှ ပျောက်ဆုံးနေသူအား တွေ့ရှိပါက သတင်းပေးကူညီပါ
Reviewed by THITHTOOLWIN
on
17:18
Rating:
