ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု နှေးကွေးနေကြောင်း ဦးဥာဏ်ဝင်း ပြော

( NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်)Photo: Thiha Tun/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှု နှေးကွေးနေတယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ စိန်ခေါ်မူတွေအကြောင်း RFA က မေးမြန်းရာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောတာဖြစ်ပါတယ်။

"အထူးသဖြင့်တော့ တိုးတက်မှုမရသေးတာကတော့ ငြိမ်းချမ်းရေးပဲ၊ ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ ပြည်သူလူထုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးက တိုးတက်မှုနှေးနေပါတယ်။ မရှိဘူးလို့တော့ မပြောဘူး၊ နှေးနေပါတယ်။ ငြိမ်းချမ်းရေးက အားလုံးပါဝင်နိုင်မှာ ငြိမ်းချမ်ရေးဖြစ်မှာပါ။ အခုက အားလုံးပါဝင်မှုကို လက်မခံနိုင်ကြသေးလို့ ဒီလိုဖြစ်နေတာပါ"

လက်ရှိ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေ အပါအဝင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသားအဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ မပါဝင်နိုင်ရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ကြားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကွာခြားတဲ့အမြင်တွေ ရှိနေပေမယ့် ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု အပါအဝင် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုမရသေးကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ