ကွတ်ခိုင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရ

ကွတ်ခိုင်မြို့အတွင်းသို့ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၎

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ ကွတ်ခိုင်မြို့အတွင်းသို့ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ၃ ချက်လာရောက် ပစ်ခတ်ခဲ့သဖြင့် အမှတ်(၅)ရပ်ကွက်အတွင်း ဗုံးသီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။


ဗုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် အမှတ်(၅)ရပ်ကွက်ရှိ နေအိမ် ၃ လုံး၏ ခေါင်းမိုးများပျက်စီးခဲ့ပြီး အိမ်အမှတ်(၃၀၉)၊ ဦးထွန်းပိုင်၏ နေအိမ်ရှေ့တွင် ထိုင်နေသည့် မနှင်းနှင်းဆွေနှင့် မတိုးတိုးတို့ ၂ ဦးသည် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအနက် မနှင်းနှင်းဆွေ၏ ဒဏ်ရာများမှာ ပြင်းထန်၍ စိုးရိမ်ရသဖြင့် ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းက နယ်မြေလိုက်လံ ရှင်းလင်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါသည်။

သစ်ထူးလွင်

ကွတ်ခိုင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရ ကွတ်ခိုင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.