တောင်ဥက္ကလာပ မြင်သာ(၄)လမ်းတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် (၁၅) ရပ်ကွက် မြင်သာ (၄)လမ်း အမှတ် (၂၀၀/ခ) ဒေါ်မြင့်ရီ (၆၆)နှစ် (ဘ) ဦးကံငြိမ်း နေအိမ်တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မီးလောင် မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကို Level-2 သတ်မှတ်ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် (၃၁)စီးနှင့် အုပ်ချုပ်မှူးယာဉ်(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး အိမ်ခြေ(၅) လုံး မီးလောင်ခဲ့ကြောင်း၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၅၀)ဦးခန့်အား ၁၅ ရပ်ကွက် သာသနာ့ မဂ္ဂဓမ္မာရုံ၌ ယာယီ ကယ်ဆယ်ရေးစခန်း အဖြစ် စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။

မြို့နယ်-ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ဥက္ကလာပ မြင်သာ(၄)လမ်းတွင် မီးလောင်မှုဖြစ်ပွား တောင်ဥက္ကလာပ မြင်သာ(၄)လမ်းတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.