![]() |
ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ပေါက်ကွဲမှုဖြစ်ပွား |
ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျင်းငယ် ၁ ခု၊ စက်ဘီး ဘောစေ့အရွယ် ဘော့စေ့ ၁၈ စေ့ခန့်နှင့် ၄၀ မမ ဗုံးသီးဟုယူဆရသည့် ဗုံးသီးထိပ်ဖူး အပိုင်းအစ ၅ ခု တို့ကို တွေ့ရှိရကာ အဆောက်အဦ၏ ပြတင်းတံခါးမှန် ၂ ချပ်ကွဲအက်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညနေ ၆ နာရီခွဲတွင် ကျောက်မဲမြို့ရပ်ကွက် ၈ ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ပေါက်ကွဲသံ ၂ ချက်ကြားရသဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။
ပေါက်ကွဲမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ကျင်းငယ် ၁ ခုတွေ့ရှိရပြီး ၎င်းကျင်းထဲ၌ စက်ဘီး ဘောစေ့အရွယ် ဘော့စေ့ ၁၈ စေ့ခန့်နှင့် ၄၀ မမ ဗုံးသီးဟုယူဆရသည့် ဗုံးသီးထိပ်ဖူး အပိုင်းအစ ၅ ခုတို့ တွေ့ရှိရခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ခရိုင်ရုံးအဆောက်အဦ၏ ပြတင်းတံခါးမှန် ၂ ချပ်ကွဲအက်ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရသည်။
ပေါက်ကွဲသံကြားပြီးနောက် ဆိုင်ကယ်တစ်စီးသည် ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းအတိုင်း အပြင်း မောင်းနှင်သွားကြောင်း သိရှိရပြီး ကားလမ်းဘက်မှ ၄၀ မမ ဗုံးသီးသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သုံးသပ်ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဓါတ်ပုံ - Tin Maung Thein (facebook)
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး လက်နက်ကြီးနဲ့ ပစ်ခံရ
Reviewed by THITHTOOLWIN
on
06:32
Rating:
