ခရမ်းမြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ခရမ်းမြို့နယ်တွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ
ရန်ကုန် ဒီဇင်ဘာ ၂

ခရမ်းမြို့နယ် မောင်းမကျေးရွာ တွင် ဒီဇင်ဘာ ၂ ရက် နံနက် ၇နာရီ ၄၅ မိနစ်က ဦးအုန်းဝင်း၏ နေအိမ် ရှိ သမီးဖြစ်သူနှင့် တူမဖြစ်သူတို့ နေအိမ်၏ အပေါ်ထပ်တွင် ဒဏ်ရာ များဖြင့် သေဆုံးနေသည့်အတွက် ခရမ်းမြို့မ ရဲစခန်းသို့အကြောင်းကြား ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် ကမာမတ်ရဲကင်းစခန်းမှူးတို့ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


သေဆုံးသူမှာ မဆုနှင်းဝေ (၂ဝနှစ်)နှင့်မစန္ဒာဝင်း(၂၈နှစ်)တို့ဖြစ် သည်။ အဆိုပါသေဆုံးသွားသူ နှစ်ဦးအား ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားပြီး ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီး နိုင်ရေးအတွက် ခရမ်းမြို့မရဲစခန်းကဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဓါတ်ပုံ - facebook
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခရမ်းမြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား  ခရမ်းမြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.