ကရာချိ ဒီဇင်ဘာ ၅
ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ကြီးဖြစ်သော ကရာချိမြို့ရှိ ဟိုတယ်တစ်လုံးတွင် ဒီဇင်ဘာ ၅ ရက် အရုဏ်မတက်မီ အချိန်က မီးလောင်မှုဖြစ်ပွားရာ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကရာချိမြို့ရှိ ကြယ်လေးပွင့်အဆင့် ဟိုတယ်တစ်လုံး တွင်ဖြစ်ပွားသော မီးလောင်မှုကြောင့် သေဆုံးသူများအနက် အမျိုးသမီးလေးဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၇၅ ဦး အနက် နိုင်ငံခြားသားအချို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကရာချိမြို့ ရှာရာအီးဖိုင်ဆယ်အရပ်ရှိ ရီးဂျင့် ပလာဇာ ဟိုတယ်၏ မြေညီထပ်၌ တည်ရှိသော မီးဖိုချောင်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။ အထပ်ခြောက် ထပ်ရှိ ဟိုတယ်အဆောက်အအုံကို မီးကူးစက်ခဲ့ရာတွင် တည်းခို လျက်ရှိသော ဧည့်သည် ၁ဝဝ ခန့် ပိတ်မိနေခဲ့သည်။
သေဆုံး သူများမှာ မီးခိုးမွန်းကျပ်ကာ သေဆုံးရခြင်း ဖြစ်ကြောင်း ကရာချိမြို့ရှိ ဂျင်းနားဆေးရုံမှ ဆရာဝန်တစ်ဦး က ပြောကြားသည်။
ရိုက်တာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကရာချိမြို့ရှိ ဟိုတယ်၌ မီးလောင်မှုဖြစ်ပွား ၁၁ ဦး ထက် မနည်းသေဆုံး၊ ၇၅ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
08:14
Rating:
