![]() |
လူသာချင်း စာနာ ထောက်ထားမှု နဲ့ အမြန်ဆုံး ကယ်တင် ဖို့ ပန်ကြား |
အလက်ပို မြို့က အရပ်သား တွေ အတွက် အကြီးမားဆုံး သင်္ချိုင်းကြီး မဖြစ်ခင်မှာ လူသာချင်း စာနာ ထောက်ထားမှု နဲ့ အမြန်ဆုံး ကယ်တင် ဖို့ ပန်ကြား လိုပါတယ်လို့ ကုလသမဂ္ဂ အထူးသံအရာရှိ စတီဖင် အို ဘရိုင်ယန် က ကုလသမဂ္ဂ လုံခြုံရေးေ ကာင်စီ မှာ ပြောကြား ခဲ့ပါတယ်။
ဆီးရီးယား အစိုးရ တပ်တွေက သူပုန်တွေ ထိန်းချုပ်ရာ ဒေသ ကို အပြင်းအထန် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး အရပ်သားတွေ အများအပြားဟာ တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေပါတယ်။
အဲဒီဒေသ က အရပ်သား တွေဟာ အစားအစာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပြီး နောက်ထပ် ရက် အနည်းငယ် အတွင်းမှာ မကယ် တယ် နိုင်ရင် လူသေဆုံးမှု အများအပြား ဖြစ်ပေါ် လာနိုင်ကြောင်း ကုလသမဂ္ဂ အထူး သံအရာရှိက လုံခြံရေး ကောင်စီမှာ ပြောကြား သွားခဲ့ ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အလက်ပိုက အကြီးဆုံး သင်္ချိုင်းကြီး ဖြစ်တော့မယ်လို့ ကုလ အရာရှိပြော
Reviewed by THITHTOOLWIN
on
09:47
Rating:
