တာချီလိတ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးမောင်းလာသည် ယာဉ် အရှိန်လွန် တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး


တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၁၉)ရက်နေ့ မနက် (၂)နာရီခွဲ အချိန်ခန့်က ထိုင်းနိုင်ငံသားနှစ်ဦး မောင်းလာသော ကားမှာ အရှိန်မထိန်းနိုင်ပဲ ဝေ့ခိုက်ဘုန်းကြီးကျောင်းလမ်းအရှေ့ လမ်းဘေး သစ်ပင်ကို ၀င်တိုက်ပြီး ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသူ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။


“ထိုင်းလူမျိုး လင်မယားနှစ်ဦး မယ်ယန်းဖက်ဦးတည်ပြီးမောင်းလာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးမှာရှိတဲ့ သစ်ပင်ကို ၀င်တိုက်မိတာပါ။ ကားမောင်းသူဖြစ်တဲ့ ခင်ပွန်းက အဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ ဒဏ်ရာရတဲ့ သူ့ဇနီးကိုတော့ ဆေးရုံကြီးမှာ ဆေးစာနှင့် အတူ ပို့ထားပါတယ်။”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။


ထိုင်းနိုင်ငံသား ခင်ပွန်းဖြစ်သူ Mr.Ltthinet နှင့် ဇနီး Miss.Aphon Padd တို့စီးလာသော ထိုင်းအက္ခရာ ၈၀၉ Vigo ကားသည် တာချီလိတ်မြို့ ၊ ၀မ်းလုံကျေးရွာအုပ်စု ၊ ဟွေခိုက်ရွာ ဘုန်းကြီးကျောင်း လမ်းရှေ့အကွေ့မှာ အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဥပဒေအရ သေဆုံးသွားသော ယာဉ်မောင်းအား (ပ)အမှတ်ပုဒ်မ ယာဉ်(ပ)၅၀/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ အရအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net/2016/12/mr.html
တာချီလိတ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးမောင်းလာသည် ယာဉ် အရှိန်လွန် တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး  တာချီလိတ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးမောင်းလာသည် ယာဉ် အရှိန်လွန် တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.