မြန်မာနိုင်ငံကအလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းလိုက်တဲ့အပေါ် လက်ခံကြိုဆိုကြောင်း မလေးရှားဒုတိယ၀န်ကြီးချုပ်ကထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနက မြန်မာလုပ်သားတွေ မလေးရှားနိုင်ငံကိုစေလွှတ်မှု ခေတ္တ ရပ်ဆိုင်းကြောင်းစာကို ဒီဇင်ဘာလ (၆)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပါတယ်။
မလေးရှားဒု-၀န်ကြီးချုပ်အာမက်ဇာဟစ်ဟာ ပြည်ထဲရေး ၀န်ကြီးတာဝန်ကိုယူထားသူလည်းဖြစ်ပြီး သူက မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက် ဟာ မလေးရှားနိုင်ငံ အပေါ်ဘာသက်ရောက်မှုမှမရှိဘူးလို့ Indian Progressive Front အဖွဲ့ရဲ့ ၂၄ ကြိမ်မြောက် အထွေထွေညီလာခံအပြီး သတင်းထောက်တွေကိုပြောခဲ့တယ်လို့ အက်စထရိုအ၀ါနီ သတင်း က ဖော်ပြသွားခဲ့ပါတယ်။
ဓာတ်ပုံ - astroawani
5 Plus News
https://www.facebook.com/5plusnews/
မြန်မာနိုင်ငံက လုပ်သားစေလွှတ်မှု ရပ်ဆိုင်းတဲ့အပေါ်လက်ခံကြိုဆိုတယ်လို့ မလေးရှား ဒုဝန်ကြီးချုပ် ပြော
Reviewed by THITHTOOLWIN
on
20:22
Rating:
