ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ် စန်းကားကျေးရွာအုပ်စု ရွာအဝင် ရပ်ကွက် ၁(အာလူးဘာရီ) စန်းကားကျေးရွာအုပ်စုတွင်အလုပ်လုပ်ကိုင်လျှက်ရှိသည့် တရုတ်လုပ်ငန်းရှင်တစ်ဦး အိမ်စီးကားမီးလောင်မှု ဖြစ်ပွားနေကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဆွတ်ဘွမ်ကုမ္ပဏီမှ လုပ်ငန်းရှင်တစ်ဦး၏ ဇနီးဟုထင်မှတ်ရသူသည် ဒီဇင်ဘာ ၁ရက်(ယနေ့)နံနက်ပိုင်းက စန်းကားကျေးရွာအုပ်စုမှ ဝိုင်းမော်ဘက်သို့ ဈေးသွားရင်း တရုတ်ငွေမှမြန်မာငွေအဖြစ် လှဲလှယ်မှုအပြီး စန်းကားရွာသို့ပြန်လာစဉ်(၁၀း၀၀နာရီခန့်က)မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကားပိုင်ရှင်အမျိုးသမီးနှင်ရင်းနှီးကျွမ်းဝင်သည့် တရုတ်အမျိုးသားတစ်ဦးမှ ပြောဆိုသည်။
ယာဉ်မီးလောင်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာသူမရှိပဲ ယာဉ်ပေါ်ပါ တန်းဖိုးရှိပစ္စည်းများ၊ မြန်မာငွေအချို့နှင့်
တရုတ်ငွေများ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ယင်းမီးလောင်မှုကြောင့် စန်းကားကျေးရွာအုပ်စုရွာအဝင်လမ်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က မိနစ် ၃၀ကြာ ခေတ္တပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။
ဗျူ ဇောတေ
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
စန်းကားရွားအ၀င်မှာ အိမ်စီးကား မီးလောင်မူဖြစ်ပွား
Reviewed by THITHTOOLWIN
on
14:30
Rating:
