![]() |
အရှိန်မထိန်းနိုင်သောမှန်လုံယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရမှုများဖြစ်ပွား |
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်ထောင်ကျေးရွာအနီး ဗန်းမော်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၁)၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
သတင်းအရ အင်းရွာနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ သက်ပိုင်ဦး(၂၈)နှစ်မောင်းနှင်လာသည့် MDY 3M/×××× မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပန်းတောင်း မြို့နယ်၊ တည်ပင်ရွာနေ ဝင်းဆန်း(၃၇)နှစ်ပါ(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း သက်ပိုင်ဦးအား အင်းရွာနယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဗန်းမော်-မန္တလေးကားလမ်းမှာ မှန်လုံယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရမှုများဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:29
Rating:
