ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်ပေါ်မှ သင်းခွေချပ်နှင့် လိပ်များဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၀

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉/၃-၄)ကြား၊ တိုးဂိတ်၌ သွားရောက် စောင့်ဆိုင်းနေစဉ် ခရီးသည်တင်ယာဉ်ပေါ်မှ သင်းခွေချပ်နှင့် လိပ်များဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။

 ရန်ကုန်ဘက်မှ တောင်ကြီးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဦးစိန်သောင်း(၅၀)နှစ်မောင်းနှင်လာသည့် 9I/×××× ရွှေလွန်းပျံယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ဝမ်းဗိုက်ထဲမှ လက်ဆွဲခြင်းများဖြင့်ထည့်ထားပြီး အဝတ်အိတ်များဖြင့် ထုပ်ထားသော သင်းခွေချပ်အရွယ်စုံ(၂၄)ကောင်၊ လိပ်အရွယ်စုံ(၂၃)ကောင်တို့အား တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်သည်။

အဆိုပါ သင်းခွေချပ်နှင့် လိပ်များ၏ ပိုင်ရှင်အား မေးမြန်းရာ ထိုင်ခုံအမှတ်(၁၉)တွင် စီးနင်းလိုက်ပါလာသည့် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်နေ ဇင်မင်းသိန်း(၂၀)နှစ်၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရ၍ ၎င်းအား ဖမ်းဆီးကာ ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်း(ပ)၇၅/၂၀၁၆၊ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်



ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်ပေါ်မှ သင်းခွေချပ်နှင့် လိပ်များဖမ်းဆီးရမိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်ပေါ်မှ သင်းခွေချပ်နှင့် လိပ်များဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.