ထိုင်းစစ်တပ်နှင့် ၀ မူးယစ် အုပ်စုအကြား ရွှေတြိဂံဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ၀ (၇) ဦးသေဆုံး


ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၆

မူးယစ်ေ ဆးဝါးနှင့် ပတ်သက်၍ နာမည် ကျော်ကြားသော ၀ မူးယစ် ကုန်သည်အုပ်စုနှင့် ထိုင်း နယ်ခြား တပ်ဖွဲ့ဝင်များ အကြားရွှေတြိဂံ ဒေ သ တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ၀ တပ်ဖွဲ့ ၀င် ၇ ဦး သေဆုံးကြောင်း ထိုင်းသတင်း တွင် ဖော်ပြကြသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ခြေလျင်ခရီးဖြင့် လာရောက်သူများကို ထိုင်း နယ်ခြား တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့မှ စစ်ဆေးရန် ကြိုးပမ်းရာ အဆိုပါ မူးယစ်အုပ်စုမှ ငြင်းဆန်ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

မူးယစ် ကုန်ကူးသည့် အဆိုပါအုပ်စုတွင် အနည်းဆုံး လူ ၂၀ ဦးခန့် ပါဝင်ပြီး ပစ်ခတ်မှုအတွင်း ၆ ဦး သေဆုံးကြောင်း ထိုင်းနယ်ခြားတပ်မှူး ကာမိုပီတတ်ခ်ျက ကနဦးအဖြစ် AFP သို့ ပြောဆိုပြီး နောက် ဆက် တွဲ သတင်းတွင်မူ သေဆုံးသူ ၇ ဦး ရှိသည်ဟု ဖော်ပြ ခဲ့ခြင်းဖြစ်သည်။
“သူတို့အဖွဲ့ထဲမှာလူ၂၀ ဦးပါတယ်” ဟု နယ်ခြားစောင့် ပူးတွဲ စစ်ဆေးေ ရးအဖွဲ့မှ တပ်မှူး ဂျီရာဒတ် ကာမိုပီတတ်ခ်ျကဆိုပြီး ချင်းမိုင်ခရိုင် အတွင်းအခြားဆက်နွယ်သူများနှင့် ကျန်ရှိနေသူများကို ဆက်လက် ရှာဖွေနေသည်ဟု အေအက်ဖ်ပီသို့ ပြောဆိုထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မက်တာဖက်တမင်း စိတ်ကြွဆေး အပြားရေ ၅ သိန်းကျော် ၊ ဘိန်းဖြူ ၃၀ ကီလို ဂရမ်နှင့် သေနတ်နှစ်လက်တို့ကို သိမ်းဆည်းရမိကြောင်း အေ အက်ဖ်ပီက ဖော်ပြသည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့် ကုန်သည်အုပ်စုမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းမှ ၀ အုပ်စုဟု ယူဆရကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြထားပြီး ကာလရှည်မူးယစ်ဆေးဝါး ဘိန်းဖြူ ထုတ် လုပ်ခဲ့သည့် ရွှေတြိဂံဒေသမှာ ယခုအခါ မက်တာဖက်တမင်း အဓိက ထုတ်လုပ်ရာ နေရာဖြစ်လာသည်ဟု AFP သတင်းက ဆိုသည်။

ဝ လူမှု့အသိုင်းအ၀ိုင်းအချို့မှာ ထိုင်းနိုင်ငံတွင်လည်း နေထိုင်ပြီး ၄င်းတို့ နေထိုင်ရာဒေသများမှာ ရွှေတြိဂံဒေသနှင့် ဆက်စပ် အစိပ်အပိုင်းများဖြစ်သည်။

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ထိုင်းစစ်တပ်နှင့် ၀ မူးယစ် အုပ်စုအကြား ရွှေတြိဂံဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ၀ (၇) ဦးသေဆုံး ထိုင်းစစ်တပ်နှင့် ၀ မူးယစ် အုပ်စုအကြား ရွှေတြိဂံဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ၀ (၇) ဦးသေဆုံး Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.