ငဖဲမြို့တွင် ကလးငယ်တစ်ဦး ဆိုင်ကယ်တိုက်မိ၍သေဆုံး


ငဖဲ ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် မကျီးစုရပ်တွင် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကလေးငယ်တစ်ဦးလမ်းဖြတ်ကူးစဉ် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငဖဲမြို့ မကျီးစုရပ် အနော်ရထာလမ်းတွင် ဆိုင်ကယ်မောင်းသူ မောင်ဝေယံဖြိုး(သ)၁၉-နှစ်(ဘ)ဦးကြည်လေး ကျောင်းတွင်းရပ်ကွက် နေသူသည် မြို့မရပ်ကွက်မှ ကျောင်းတွင်းရပ်ကွက်ဘက်သို့ မော်တော်ဆိုင်ကယ်အား အရှိန်ဖြင့် မဆင်မခြင် မောင်းနှင်လာခြင်းကြောင့် နေအိမ်မှအနောက်ဘက်နေအိမ်သို့ လမ်းဖြတ်ကူးနေသည့် မမေတွယ်တာ(သ)၈-နှစ်(ဘ)ဦးဇော်လင်း ဒုတိယတန်းကျောင်းသူ(အထက-ငဖဲ)မကျီးစုရပ် ကျောင်းတွင်းရပ်ကွက် ငဖဲမြို့နေသူအား ၀င်ရောက်တိုက်မိ၍ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိသဖြင့် ငဖဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ဆေးကုသမှုခံယူခဲ့ရာ ဒဏ်ရာပြင်းထန်သည့်အတွက် မကွေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသမှုခံယူနေရာမှ ဒီဇင်ဘာ ၈ ရက်နေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား အရှိန်ဖြင့် မဆင်မခြင်မောင်းနှင်သူ တရာခံ ဝေယံဖြိုး(သ)၁၉-နှစ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူထားကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငဖဲမြို့တွင် ကလးငယ်တစ်ဦး ဆိုင်ကယ်တိုက်မိ၍သေဆုံး  ငဖဲမြို့တွင် ကလးငယ်တစ်ဦး ဆိုင်ကယ်တိုက်မိ၍သေဆုံး Reviewed by THITHTOOLWIN on 04:40 Rating: 5
Powered by Blogger.