ကုန်တင်ယာဉ်နှင့် နွားလှည်းတိုက်မိ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ

မီးသွေးနှင့်သစ်များ တင်ဆောင်လာသော(၁၂)ဘီးကုန်တင်ယာဉ်မှ လှည်းတစ်စီးနှင့် ယာဉ်ငယ်တို့ အား အရှိန်လွန်ဝင်တိုက်မိပြီး(၃)ဦးသေဆုံး၍ (၂)ဦးဒါဏ်ရာရ
တောင်ငူ - ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာတောင်ဘက်(၁)ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေးကာလမ်းတွင် ဒီဇင်ဘာ(၆)ရက်နေ့ နံနက်(၅)နာရီ(၄၅)မိနစ်ချိန်ခန့်က မီးသွေးနှင့်သစ်ခွဲ သားများတင်ဆောင်လာသော(၁၂)ဘီးကုန်တင်ယာဉ်မှ နွားလှည်းတစ်စီးကိုတိုက်မိခဲ့ပြီး ရှေ့မျက်နှာချင်း ဆိုင်ဘက်မှ လူလေးဦးစီးနင်းလိုက်ပါလာယာဉ်ငယ်အားဆက်လက်တိုက်မိကာ ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ငယ်ပေါ်တွင်လိုက်ပါလာသူ(၃)ဦးသေဆုံးသွားခဲ့ပြီး နှစ်ဦးဒါဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကုန်တင်ယာဉ်နှင့် နွားလှည်းတိုက်မိ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ ကုန်တင်ယာဉ်နှင့် နွားလှည်းတိုက်မိ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.