![]() |
တရားသောစစ် အောင်မြင်စေကြောင်း ဆန္ဒပြပွဲ |
အဲဒီလို ထောက်ခံ ဆန္ဒပြပွဲတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက မြို့နယ် ဥက္ကဌ ၊ အတွင်းရေးမှူးနဲ့ ပါတီဝင်တွေလည်း တက်ရောက်လာတာ တွေ့ရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကန့်သတ်ချက် တစုံတရာ မရှိဘဲ သူတို့ သဘော ဆန္ဒအရ တက်ရောက်ကြတာ ဖြစ်တယ် ပါတီက လမ်းညွှန်ချက် ၊ အမိန့်ပေးထားတာမျိုး မရှိဘူးလို့ ပါတီ ပြောခွင့်ရသူ ဦးပိုက်ထွေးက ဆိုပါတယ်။
ဒါဟာ ဆူပူမှု ဖြစ်အောင် ဖန်တီး စေ့ဆော်တယ်လို့ သူတို့ အနေနဲ့ ယူဆတာမျိုး မရှိဘဲ ၊ လူတယောက်ချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ၊ ဆုံးဖြတ်ခွင့်နဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အရ လုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလိုမျိုး ဆန္ဒပြမှုတွေ တနိုင်ငံလုံး ဖြစ်ပြီး တိုင်းပြည်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာရင် မငြိမ်မသက် ဖြစ်မယ့် အခြေအနေမျိုးရောက်ဖို့ မစိုးရိမ်ဘူး ၊ အန္တရာယ် ကင်းစွာနဲ့ လူထု ထိခိုက် နှောက်ယှက်မှု မရှိအောင် သဘောထား ထုတ်ဖော်တာ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းမှုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ဦးပိုက်ထွေး က ရှင်းပြခဲ့ပါတယ်။
အလားတူ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့မှာလဲ ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေက တိုင်းရင်းသား ၀တ်စုံတွေ ၀တ်ဆင်တာနဲ့ ပတ်သက်လို့ ဝေဖန် ငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တရားသောစစ် ဆန္ဒပြပွဲတွေနဲ့ ကြံ့ခိုင်ရေး ပါတီ
Reviewed by THITHTOOLWIN
on
22:38
Rating:
