ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၆
အစိုးရတပ်မတော်နှင့် တအာင်းပလောင်တပ်တို့ စစ်ရေးအပြိုင် တိုးချ မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေး ရွာ သူရွာသားများ လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတိုက်သို့ ယနေ့ စစ်ဘေးရှောင်လာကြသည်ဟုသိရသည်။
ဒီဇင်ဘာလ ၉ ရက်ညနေပိုင်းမှစ၍ နမ္မတူမြို့နယ် နားဆိုင်း ရွာထဲသို့ အစိုးရ တပ်ဝင်ရောက်လာပြီး ရွာပြင်ဘက်တွင် တအာင်းတပ်များ လှုပ်ရှားနေသဖြင့် တိုက်ပွဲဖြစ်ပွါးမည်ကိုရွာသားများစိုးရိမ်ကာ ဒီဇင်ဘာလ ၁၁ ရက်မနက်ပိုင်းက လားရှိုးမြို့ မန်ဆူကျောင်းတိုက်သို့ စစ်ဘေးရှောင် ၁၀၀ ကျော်ရောက် ရှိနေခြင်းဖြစ်ပါ သည်။
" ကျမတို့ မနေ့က နားဆိုင်းဈေးနေ့ ။ ဈေးတောင်မဖြစ်လိုက် ဘူး။ သေနတ်သံတော့မထွက်သေးဘူး။ ဒါပေမယ့် ဘယ်သူမှမနေရဲ ဘူးလေ။ မန်စံဘက် လဲပေးမသွားဘူး ကျမတို့ကို။ အဲ့ကြောင့်လားရှိုး ဖက် လာရတာပါ။ " မန်ဆူကျောင်းတိုက်ရောက် နားဆိုင်းဒေသ ခံ အေးကူ ကပြောသည်။
မန်ဆူကျောင်းတိုက်သို့ရောက်ရှိလာသည့် နားဆိုင်းမှ စစ်ဘေးရှောင် များမှာ အိမ်ထောင်စု ၃၀ ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော်ရှိကြောင်း၊ ကလေးငယ်များအများဆုံးဖြစ်ကြောင်း၊ အသက် ၁၀၀ ၀န်းကျင်ရှိ သက်ကြီးရွယ်အိုများ လည်းရှိကြောင်း လားရှိုးရောက် စိုင်းအိုက်လွယ် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
နမ္မတူမြို့၏ အရှေ့တောင်ဘက်၊ လားရှိုးမြို့အနောက်ဘက်ရှိ နားဆိုင်း အုပ်စုတွင် အိမ်ခြေ ၁၅၀ ၀န်းကျင်ခန့်ရှိ ကြောင်း၊ အချို့လည်းနမ္မတူမြို့ တွင်းသို့လည်းကောင်း၊ မန်စံဘက်သို့လည်းကောင်း၊ ဆွေမျိုးများ ရှိရာတခြား သို့လည်းကောင်း တိမ်းရှောင်နေကြသည်ဟု သိရပါသည်။
နမ္မတူမြို့နယ်အတွင်းအတွင် အစိုးရတပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA , RCSS/SSA တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ပလောင်တပ်) TNLA တို့ သွားလာလှုပ်ရှားသည်။
RCSS/SSA နှင့် TNLA ၊ အစိုးရတပ်မတော် နှင့် TNLA ၊ အစိုးရ တပ် မတော် နှင့် SSPP/SSA တို့မကြာခဏ ရင်ဆိုင်တိုက် ပွဲဖြစ် လေ့ရှိေ သာကြောင့် ဒေသခံများ စစ်ဘေးစစ်ဒဏ်ခံနေကြရသည်။
သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ကျေးရွာအနီးစစ်ရေးအပြိုင်တိုးချမှုကြောင့် နမ္မတူဒေသခံများ လားရှိုးသို့ စစ်ဘေးရှောင်
Reviewed by THITHTOOLWIN
on
17:26
Rating:
