လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး၌ ဒေသန္တရလုပ်မိုင်း ၁ လုံးတွေ့ရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ သိန်းနီမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စံလောင်းကျေးရွာ၊ လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး မိုင်တိုင်အမှတ်၊ ၁၉၆/၇ အနီးမှ အချင်း ၃ လက်မ၊ အမြင့် ၆ လက်မ ခန့်အရွယ်ရှိ ပလတ်စတစ်ကော်ဘူး အမဲဖြင့်ပြုလုပ်ထားပြီး အစိမ်းရောင်ပီနံအိတ်ဖြင့် ပတ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရှင်းလင်းခဲ့သည်။


အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရု
https://www.facebook.com/Cincds/
လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး၌ ဒေသန္တရလုပ်မိုင်း ၁ လုံးတွေ့ရှိ လားရှိုး-သိန်းနီ ပြည်ထောင်စုကားလမ်းမကြီးဘေး၌ ဒေသန္တရလုပ်မိုင်း ၁ လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.