ဘုတ်ပြင်းမြို့ တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ


ဘုတ်ပြင်းဒီဇင်ဘာ (၄)ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ၌ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်(၀၂း၀၀)နာရီအချိန်က ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ်တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအဆိုပါနေ့ နံနက်ပိုင်းကဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည့် ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်းအတွင်းပိတ်ဆို့စစ်ဆေးမှုများများအားဆောင်ရွက်နေစဉ်ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက် မီးသတ်စခန်းအရှေ့လမ်းပေါ်တွင် မြိတ်မြို့ဘက်မှ ၀င်းဇော်(၃၃)နှစ်၊ ကော့သောင်းမြို့၊ အဏ္ဍ၀ါရပ်ကွက်၊ အမှတ်(၁၉၁)နေ ၊ ဆိုသူမောင်းနင်လာသည့်WAVE 110 (ဖြူ/နီ)ရောင်ဆိုင်ကယ် (ယာဉ်အမှတ်မပါ)အားရပ်တန့်ရှာဖွေရာဆိုင်ကယ်ရှေ့ ဂွကြားရှိအဖြူရောင်ဆာလာအိတ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိမ်များအတွင်းပလပ်စတစ်အိတ်အကြည်ဖြင့်ထုတ်လျက် တစ်ထုပ် လျှင်(၀.၀၈၁၆၅)ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့် အထုပ်(၁၀၉)ထုပ် စုစုပေါင်းအလေးချိန်(၈.၈၉၉၈၅)ကီလိုဂရမ်ခန့် ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့မှောက်တွင် ရဲတပ်ဖွဲ့မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါသည်။

 စစ်ဆေးချက်များအရ အဆိုပါပစ္စည်းများမှာဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာနေကိုသန်းသန်းဦးဆိုသူထံမှ ၀ယ်ယူခဲ့ကြောင်းစစ် ဆေးပေါ်ပေါက်သဖြင့် အဆိုပါ ဘိန်းစာမှုန့်များအား လက်ဝယ်တွေ့ရှိသူဝင်းဇော် နှင့် ရောင်းချသူသန်းသန်းဦးတို့အားဘုတ်ပြင်းမြို့နယ် ရဲစခန်းမှ မယ(ပ)၁၇/၂၀၁၆ မူး/စိတ် ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ လ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

သတင်းရေးသားပေးပို့သူဘုတ်ပြင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘုတ်ပြင်းမြို့ တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ ဘုတ်ပြင်းမြို့ တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:21 Rating: 5
Powered by Blogger.