လက်နက်ကိုင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံသူများကို ဖမ်းဆီးရမိ


ဘားအံ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံမြ၀တီကားလမ်းပေါ်၌ ဒီဇင်ဘာ ၁၀ ရက်ညပိုင်းက ပြောက်ကျားယူနီ ဖောင်းဝတ် လေးဦး၊ လက်နက်ကိုင် ဆောင်ကာ မြ၀တီမှဆင်းလာသည့် ကုန်ကားအချို့ကို ခြိမ်းခြောက်ငွေ တောင်းခံခဲ့ကြောင်း သတင်းရရှိသဖြင့် အိန္ဒုနယ်မြေရဲစခန်းမှ ရရှိသည့်သတင်းကို အတည်ပြုချက်ရယူနိုင်ရန်အတွက် လမ်းကြောင်းတစ်လျှောက်စုံစမ်းခဲ့ရာမှ အဆိုပါယာဉ်ကို ဘားအံမြို့ဘက်သို့ မောင်းနှင်သွားကြောင်း သိရသဖြင့် ဘားအံမြို့အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ စုံစမ်းခြင်းများဆောင်ရွက်ခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါယာဉ်အား ဘားအံမြို့ ဗိုလ်ချုပ်လမ်း၊ အထက(၃)ကျောင်းရှေ့ ၌ တွေ့ရှိ ရသဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ စိုင်းစိုင်း(ခ)မန်းစိုင်း အောင်(၄၃ နှစ်) ဌာနေကုန်းကျေးရွာ ဘားအံမြို့ နယ်နေသူကို တွေ့ရှိရသည်။

ဆက်လက်၍ ယာဉ်ကိုရှာဖွေ စစ်ဆေးရာတွင် ယာဉ်ပေါ်မှ ခရီးတိုသုံး လက်ကိုင် ဆက်သွယ်ရေးစက်တစ်လုံး၊ အဖွဲ့အစည်းတံဆိပ်၊ ရာထူးတပ်ဆင်ထားသော အနက်ရောင်ယူနီဖောင်းတစ်စုံ၊ အဖွဲ့အစည်းတံဆိပ်တပ် ပြောက်ကျား ယူနီဖောင်းတစ်စုံ၊ အဖွဲ့အစည်း တံဆိပ်တပ် အနက်ရောင်ဦးထုပ်တစ်လုံး၊ အဖွဲ့ အစည်းတံဆိပ်တပ် ပြောက်ကျားဦးထုပ် တစ်လုံးတို့ကို ရှာဖွေတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့က ငွေကြေး တောင်းခံရာတွင် ပါဝင်သူများကို သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းတို့ကိုင်ဆောင် ခဲ့သည့် တစ်လုံးထိုးသေနတ်ကို စိုင်းစိုင်း (ခ)မန်းစိုင်းအောင်နေထိုင်ရာ ဘားအံ မြို့နယ် ဌာနေကုန်းကျေးရွာရှိ နေအိမ်၌ သိမ်းဆည်းရမိခဲ့သည်။

လက်နက်ကိုင်ဆောင်ပြီး ခြိမ်း ခြောက်ငွေတောင်းခံခဲ့သူ စောထွဋ်(ခ) ကိုထွဋ်၊ စိုင်းစိုင်း(ခ) မန်းစိုင်းအောင်၊ စောအောင်ခိုင်စိုး(ခ)စောအယ်ခလို ဖောနှင့် ကျော်ဇင်ဦး(ခ) စောကျော်ဇင် (ခ) အငယ်ကောင်တို့ လေးဦးကို ဒီဇင် ၁၇ ရက်က ဖမ်းဆီးကာ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လက်နက်ကိုင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံသူများကို ဖမ်းဆီးရမိ လက်နက်ကိုင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံသူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.