![]() |
မြန်မာရဲ သင်တန်းသား အသစ်တွေ |
မြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ ခေါ်တဲ့ ကချင်တပ် KIA၊ တအာင်းပလောင်တပ် TNLA နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်း အဖွဲ့က ဒီဇင်ဘာ ၂ ရက် နေ့တုန်းက အင်အားသုံးပြီး မုံးကိုးကို တိုက်ခိုက် လာခဲ့တုန်း အဆက်အသွယ် ပြတ်တောက် ခဲ့ရတဲ့ ရဲ တပ်ဖွဲ့ဝင် တွေ ထဲက တချို့ ရဲ့ ရုပ်အလောင်း တွေကို ပြန်လည် တွေ့ရှိ လာခဲ့တာ ဖြစ်ပါတယ်။
မုံးကိုး နယ်မြေ ရဲ စခန်းက စုစုပေါင်း ရဲ ၁၆ ဦး ပျောက်ဆုံး နေခဲ့ တာကနေ အခုဆို ၉ ယောက် ကျဆုံးကြောင်း အတည်ပြု ထားနိုင်ပြီး၊ အသက် ရှင်လျက် ပြန်တွေ့သူ ၄ ဦးနဲ့ ပျောက်ဆုံးဆဲ ၃ ဦး ရှိတယ်လို့ အစိုးရ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။
မုံးကိုး ရဲ စခန်း အစီးအနင်း ခံရတုန်း ရဲ တစ်ဦးရဲ့ ဇနီးသည် နဲ့ အရပ်သား တစ်ယောက်လည်း အသတ် ခံခဲ့ရတယ် ဆိုပြီး တော့လည်း ပြောထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
မုံးကိုး ရဲ စခန်း တိုက်ခိုက် ခံရတုန်း သေဆုံးခဲ့သူ တွေရဲ့ အလောင်းတွေ တွေ့လာ
Reviewed by THITHTOOLWIN
on
06:44
Rating:
