သထုံ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဒီဇင်ဘာလ ၁၉ ရက်၊ ည ၁၁ ခွဲခန့်က ခရီးသည် တင်မှန်လုံယာဉ်နှင့် လူ ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
“ခရီးသည်တင်ယာဉ်က ရှေ့ကားကိုကျော်တာ အရှိန်လွန်ပီး တစ်ဖက် ယာဉ်ကြောက ဆိုင်ကယ်ကို တိုက်မိတယ်။ အရှိန်ကပြင်းတော့ ၃ ယောက်လုံး ပွဲချင်းပြီးသေတာဘဲ။ ယာဉ်မောင်းက ကားကိုထားပြီး ထွက်ပြေးသွားလို့ တပ်ဖွဲ့ဝင်တွေ အချင်ချင်းချိတ်ဆက်သတင်းပို့ပြီး ပိတ်ဆို့ဖမ်းတာ ညတွင်းချင်းဘဲ ဖမ်းမိထားပြီးပါပြီ ဥပဒေအရ ဆက်ပြီး အရေးယူသွားမှာပါ” ဟု သုဓမ္မဝတီ နယ်မြေရဲစခန်းမှူး ရဲအုပ်နေမျိုးသန့်က ပြောသည်။
ဖြစ်စဉ်မှာ ဘားအံဘက်မှ သထုံဘက်သို့ ယာဉ်မောင်း လမ်းဘို ၄၅ နှစ်(ဘ) ဦးအောင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်လာသော ယာဉ်အမှတ်၊ YGN 9I/9147၊ ရွှေလွန်းပျံ ခရီးသည်မှန်လုံယာဉ်သည် သထုံ-ဘားအံ ကားလမ်း မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ အကြား တွင် ၎င်းရှေ့မှ ယာဉ်ကြောတူ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား ကျော်တက်စဉ် သထုံဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း အောင်လွင်ဦး ၂၃ နှစ် (ဘ) ဦးဖိုးရွှေ အင်းကွဲကျေးရွာနေသူ မောင်းနှင်ပြီး နောက်မှ ကျော်စွာလင်း ၁၉ နှစ် (ဘ) ဦးဖိုးရွှေနှင့်ကျော်မင်းထိုက် ၃၂ နှစ် (ဘ) ဦးကတ်နက်တို့ လိုက်ပါ လာသော ဆိုင်ကယ်အားဝင်ရောက်တိုက်မိရာမှ ဆိုင်ကယ်ပေါ်တွင် လိုက်ပါ လာသူ ၃ ဦးမှာ ဖြစ်စဉ်နေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ရွှေလွန်းပျံ ခရီးသည်မှန်လုံယာဉ်မောင်းနှင်သူ ယာဉ်မောင်း လမ်းဘိုအား သုဓမ္မဝတီနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၈/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။
သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ခရီးသည်တင်မှန်လုံယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:51
Rating:
