ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် ၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးတွေအနေနဲ့ ရင်ပြင်တော်ပေါ်နဲ့ ဂန္ဓကုဋိတိုက် အတွင်းကို ရေသန့်ဘူးတွေ ၊ အချိုရည်ဘူးတွေနဲ့ အချိုရည်ပုလင်းတွေ ယူဆောင်ခြင်းမပြုကြဖို့ ဂေါပကအဖွဲ့က မေတ္တာရပ်ခံ ထားတယ်လို့ သိရပါတယ်။
လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီးကို ကျေက်တော်ကြီးဘုရားလို့လည်း လူအသိများကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ အတွင်းမှာရှိတဲ့ နေရာ (၃) ခုမှာ ပြီးခဲ့တဲ့ လအတွင်းက အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဈေးဝယ်စင်တာတွေနဲ့ ဘုရားစေတီတွေမှာ လုံခြုံရေးအစီအစဉ်တွေကို တိုးချဲ့ဆောင်ရွက် နေကြတာဖြစ်ပါတယ်။
ပြည်တွင်းပြည်ပဘုရားဖူးတွေအဓိက သွားရောက်ဖူးမျှော်ကြတဲ့ ရွှေတိဂုံစေတီတော်မှာလည်း ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ရင်ပြင်တော်ပေါ်ကို အရည်ပါတဲ့ ဘူးနဲ့ ပုလင်းတွေ သယ်ဆောင်ခွင့် ပိတ်ပင်ထားပါတယ်။ လောကချမ်းသာ အဘယ လာဘမုနိဘုရားကြီးရဲ့ လုံခြုံရေးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးစီမံချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ - Pattakorn Patdanaikorn
5 Plus News
https://www.facebook.com/5plusnews/
ကျောက်တော်ကြီးဘုရားပေါ် အရည်သယ်ဆောင်ခြင်း ကန့်သတ်
Reviewed by THITHTOOLWIN
on
08:26
Rating:
