ဒေါပုံမြို့နယ်တွင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး

ဒေါပုံမြို့နယ်တွင် ဒဏ်ရာများဖြင့် လဲကျနေသူအမျိုးသားတစ်ဦး သေဆုံး ခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၉

၃၀.၁၁.၂၀၁၆ ရက်နေ့ ၀၄၃၀ အချိန်ခန့်တွင် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ယမုံနာလမ်းမကြီးဘေး၊ အ.ထ.က(၁)ကျောင်းရှေ့တွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာများရရှိကာ လဲကျနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ ပါသည်။

အဆိုပါနေရာ၌ အသက်(၂၅)နှစ်ခန့်အမျိုးသားတစ်ဦးအား ယာမျက်ခုံး၊ ၀ဲပါး၊ ၀ဲနဖူးတို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိရပြီး ၎င်းအနီးတွင် သွေးများစွန်းနေသော ကွန်ကရစ်ကျောက်တုံး(၃)တုံးနှင့် အုတ်ခဲကျိုးအပိုင်း(၃)ပိုင်း၊ အနက်ရောင် မိန်းမစီးစက်ဘီး(၁)စီး တို့အား တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကာ ဒဏ်ရာရရှိသူ အမျိုးသားအား ရန်ကုန်
ဆေးရုံကြီးသို့ပို့အပ်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ဒေါပုံမြို့မရဲစခန်း(ပ) ၆၇၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ဖြင့် အမှုဖွင့်စစ်ဆေးနေစဉ် ဒဏ်ရာရရှိသူမှာ သေဆုံးသွားခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲစစ်ဆေးရာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှသေဆုံးသူမှာ သာကေတမြို့နယ်နေ မြင့်ရှိန်၊ (၃၀)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၂၉.၁၁.၂၀၁၆ ရက်နေ့ညက အခင်းဖြစ်ရပ်တွင်တွေ့ရှိသော စက်ဘီးဖြင့် ဒေါပုံမြို့နယ်ဘက်သို့ထွက်သွားကြောင်းနှင့် မိန်းမလျာများနှင့် ပေါင်းသင်းဆက်ဆံလေ့ရှိကြောင်း သတင်းအတည်ပြုရရှိခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ်နေရာ အနီးတွင်ရှိနေသူ ၂ ဦး၏သတင်းအား အတည်ပြုရရှိခဲ့ပြီး စစ်မေးရာမှ ပြစ်မှုကျူးလွန်သူမှာ သာကေတမြို့နယ်နေ ကျော်ကျော်ဝင်း(ခ) ၀ါးခယ်မ၊ (၃၄)နှစ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ ပေါ်ပေါက်ချက်အရ ၂.၁၂.၂၀၁၆ ရက်နေ့တွင် သာကေတမြို့နယ်နေ ကျော်ကျော်ဝင်း(ခ)၀ါးခယ်မအား ဖမ်းဆီးခဲ့ပြီး အမှုဖြင့် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဒေါပုံမြို့နယ်တွင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး ဒေါပုံမြို့နယ်တွင် လူသတ်မှုမှ  ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.