ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၆နာရီခွဲခန့်တွင် သတင်းအရ စောင့်ဆိုင်းစစ်ဆေးမှုများပြုလုပ်စဉ် ဥသျှစ်ပင်မြို့ဘက်မှ တောင်ကုတ်မြို့ဘက်သို့ ယာဉ်မောင်း ကျော်ကျော် မောင်းနှင်၍ ဥသျှစ်ပင်မြို့မှ ချစ်ဖွယ်နှင့် သက်ဝင်းဇော်တို့ လမ်းကြုံလိုက်ပါလာသည့် SKAT အမျိုးအစား ယာဉ်အမှတ်၊ 9H/---- အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ စက်သုံးဆီပီပါ ၁၈ လုံးကို တွေ့ရှိရပြီး စက်သုံးဆီပီပါ ၁၅ လုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉၅၄၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၇၄၇၇၀ ခန့်)ကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

တပ်မတော်သတင်းစဉ်
https://www.facebook.com/mmdefencenews/

ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.