မယ်စဲ့မြို့နယ် နန့်မန်းကျေးရွာ - ရွာရှောင်လမ် တံတား ဆောက်လုပ်ရန်အတွက် မြေသားတူးဖော်စဉ် မြေပြိုကျပြီးအလုပ်သမားနှစ်ဦး မြေအောက်တွင် နစ်မြှပ်ခဲ့သော်လည်း အချိန်မှီကယ်ဆယ်နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ - ၂၉ - ၁၁ - ၂၀၁၆ ရက်နေ့ ၀၇၃၀ အချိန် မယ်စဲ့မြို့နယ် နန့်မန်းကျေးရွာ - ရွာရှောင်လမ် တံတား ဆောက်လုပ်ရန်အတွက် လူအားဖြင့်မြေသားတူးဖော်ခဲ့ရာ မြေပြိုကျပြီးအလုပ်သမားများအနက် မိုးထိ(ခေါ်)
ရန်မိုးကျော်ဦးနှင့် တော်ရယ်ဆိုသူတို့ မြေပိနစ်မြုပ်ခဲ့ရာ မိုးထိမှာ ခါးအထိသာနစ်မြုပ်ခဲ့သဖြင့် အလုပ်သမားများမှ တူးဖော်ကယ်ဆယ်နိုင်ခဲ့ပြီး တော်ရယ်ဆိုသူမှာ မြေအောက်ထဲတွင် နစ်မြုပ်နေခဲ့သည်။
အဆိုပါဖြစ်စဉ်အား သတင်းရလျှင်ရချင်း မယ်စဲ့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်း၏ ညွှန်ကြားချက်အရ ရဲတကက မိုးလွင်ပါ ရဲတပ်ဖွဲ့ဝင်(၅)ဦးတို့မှ ၀၈း၄၅ အချိန် အခင်းဖြစ်နေရာသို့သွားရောက်ခဲ့ပြီး ၀၉း၀၅ အချိန်မြေပိနစ်မြုပ်နေသူအားကယ်ဆယ်ရန်မြေများတူဖော်နေစဉ် ၀၉၁၅ အချိန် မီးသတ်ဦးစီးမှူး ဦးရာဇာထွန်းပါတပ်ဖွဲ့ဝင်(၁၀)ဦး ထပ်မံရာက်ရှိလာသဖြင့် ပူးပေါင်း၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်။
၁၀း၃၅ အချိန်တွင် တော်ရယ်၏ ဦးခေါင်းအားစတင်တွေ့ရှိခဲ့ပြီး အသက်ပြင်းပြင်းရှုသံကြားရ၍ သေဆုံးမှုမရှိသေးကြောင်းသိရှိရသဖြင့် ထပ်မံတူးဖော်ခဲ့ရာ စတင်တူးဖော်ချိန်မှ ၃ နာရီအကြာ ၁၂း၁၅ အချိန်တွင် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး အသင့်ရောက်ရှိနေသော လ/ထ ဆရာဝန်ဒေါက်တာ ကောင်းမြတ်သူနှင့်သူနာပြုများမှ ရှေးဦးပြုစုမှုများပြုလုပ်ကာ မယ်စဲ့ပြည်သူ့ဆေးရုံသို့ အတွင်းလူနာ(မစိုးရိမ်ရ)အဖြင့် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ/သတင်းရင်းမြစ်-More Innwa
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လုပ်ငန်းခွင်အတွင်းမြေပြိုပိ၍ မြေအောက်၌ နစ်မြှပ်ခဲ့သော်လည်း အချိန်မှီကယ်ဆယ်နိုင်ခဲ့
Reviewed by THITHTOOLWIN
on
14:38
Rating:
