ဒီဇင်ဘာ ၁၈၊ ၂၀၁၆
ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီ ၄၀ မိနစ် အချိန်တွင် မောင်တောမြို့နယ် ငါးခူရမြောက် ကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း တွေ့မြင်ရသဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သွားရောက် ကူညီ မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ငါခူရ မြောက် ကျေးရွာနေ မာမောက်မျာ (ဘ) အဒူဆာလမ်၏ ထရံကာ မြေစိုက်တဲ ၁ လုံး ပျက်စီးခဲ့ပြီး ၎င်းနှင့်တကွ အနီးပတ်ဝန်းကျင် နေအိမ်များ၌ မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက မီးငြိမ်းသတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပြီး ည ၁၀ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ငါးခူရ မြောက် ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
06:33
Rating:
