ကင်ညာ၌ ဆီတင်ကား မီးလောင်မှုဖြစ်ပွားရာ ၃၃ ဦးသေ ၊ အများအပြားဒဏ်ရာရ

ကင်ညာနိုင်ငံ အဝေးပြေးလမ်းပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သော မော်တော်ယာဉ်များအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

    ကင်ညာနိုင်ငံ အရှေ့ မြောက်ပိုင်း Naivasha မြို့ ၌ ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်)တွင်  လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Nakuru – Nairobi လမ်းမပေါ်၌ ဖြစ်ပွားခဲ့သော ဆီတင်ကား မီးလောင်မှုကြောင့် အခြား မော်တော်ယာဉ် ၁၁ စင်းကိုပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း  ကင်ညာနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူးPius Masai က ပြောသည်။

လောင်စာတင်ယာဉ်၏ ယာဉ်မောင်းသည် ၄င်း၏ ကားကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ယခုကဲ့သို့ ဆိုးဆိုးရွားရွား မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ Isaac Masinde က ဆိုသည်။

အဆိုပါ ဆီကားသည် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခြားမော်တော်ယာဉ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ဆီကားမီးလောင်မှုကြောင့် အဝေးပြေးလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ကင်ညာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ က မီးလောင်ကျွမ်းထားသော ရုပ်အလောင်း ၃ဝ ကို Naivasha ဆေးရုံခွဲရှိ ရင်ခွဲရုံသို့ ပို့ ဆောင်ထားကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကင်ညာ၌ ဆီတင်ကား မီးလောင်မှုဖြစ်ပွားရာ ၃၃ ဦးသေ ၊ အများအပြားဒဏ်ရာရ ကင်ညာ၌ ဆီတင်ကား မီးလောင်မှုဖြစ်ပွားရာ ၃၃ ဦးသေ ၊ အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.