ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(နောက်)အုပ်စုတွင် စကားများ ရန်ဖြစ်ရာမှ ယောက်ဖဖြစ်သူအား ပေါက်ပြားဖြင့် ခုတ်သတ်မှု ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မိုင်းလင်းရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ တာလေမြို့၊ မိုင်းလင်း(နောက်)ကျေးရွာအုပ်စု၊ ဖွေးဟိုင်းရွာနေ အသက်(၂၆)နှစ်ရှိ အိုက်မီသည် ယောက်ဖတော်စပ်သူ အသက်(၃၂)နှစ်ရှိ အိုက်ဆိုက် နှင့် စကားများရန်ဖြစ်ရာမှ အိုက်မီမှာ အိုက်ဆိုက်၏ ဦးခေါင်းအား ပေါက်ပြားဖြင့် ခုတ်လိုက်ရာ ဒဏ်ရာရရှိသွားပြီး တာလေဆေးရုံသို့ ပို့ဆောင်စဉ် နံနက်(၈)နာရီ(၄၅)မိနစ်ဝန်းကျင်က သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိုက်မီအား ဖမ်းဆီးရမိထားပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မိုင်းလင်းရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
Tachileik News Agency
http://www.tachileik.net
တာလေမြို့ မိုင်းလင်း(နောက်)တွင် ယောက်ဖအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:42
Rating:
