![]() |
( တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ် )Photo: ထီးချိုင့် ဒေါ်အာကျယ်/ Facebook |
လုပ်ခလစာတွေ တိုးပေးခြင်းမရှိတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတဲ့ အတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ တကောင်းနီကယ် စက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီး ဒီနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုတင်မျိုးထွန်း က ပြောပါတယ်။
" ကျွန်တော်တို့ဒီမှာ လုပ်ခလစာနည်းပါးတယ်၊ အဲအတွက် လုပ်ခလစာတိုးမြှင့်ရရှိလိုမှုရယ်၊ အလုပ် သမားအခွင့်အရေး ဆုံးရှုံးနေတယ် အဲ့အတွက် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိလိုမှုရယ်၊ အဲတာကို ဆန္ဒပြတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်လို့ ကျွန်တော်တို့ ခေါင်းဆောင်တွေဖြစ်သွားတယ် သူက လစာကို မတိုးပေးဘူးဗျ၊ ၂ သောင်း ၃ သောင်းခေါင်းဆောင်ကြေးဆိုပြီး အဲလိုထည့်ပေးလိုက်တယ်ဗျ"
တကောင်းနီကယ်စက်ရုံမှာ တရုတ်နိုင်ငံသား ၀န်ထမ်းတွေ နဲ့ မြန်မာ ၀န်ထမ်းတွေရှိပြီး ရရှိတဲ့ အခွင့်အရေးတွေ မတူညီဘူးလို့လည်း ပြောပါတယ်။
အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၅ နှစ်ကနေ အနည်းဆုံးလုပ်သက် ၁ လအထိ ရှိတဲ့ မြန်မာ အလုပ်သမား ၁၆၀၀ လောက်ရှိပြီး ပညာအရည်အချင်းအလိုက် လစာပေးတာ မဟုတ်ဘဲ အန္တရာယ်ပို များတဲ့နေရာတွေမှာ လုပ်ကိုင်သူတွေကို လစာပိုပေးတာ ဖြစ်တယ်လို့လည်း ဆန္ဒပြအလုပ်သမားတွေ က ပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲ ဦးဆောင်ဖို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ အလုပ်သမား ဦးထွန်းထွန်းဝင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့လည်း ကိုတင်မျိုးထွန်း က ပြောပါတယ်။
တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စတစ်ကာတွေ လက်ပတ်စိမ်းတွေ ပတ်ပြီး လုပ်ငန်းခွင်ဝင်ကြမှာ ဖြစ်သလို တောင်းဆိုမှုတွေမရမချင်း လက်ပတ်စိမ်းပတ်တဲ့လှုပ်ရှားမှုကို ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ရရှိဖို့ တောင်းဆို
Reviewed by THITHTOOLWIN
on
19:36
Rating:
