ဆောမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား စိတ်မူမမှန်သူက သံတူရွင်းဖြင့် ရိုက်သတ်


မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သရက်ချဉ်ရွာကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအား တစ်ရွာတည်းနေသူမှ သံတူရွင်းဖြင့် ရိုက်နှက်သေဆုံးခဲ့မှု ဒီဇင်ဘာ(၃)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကျောက်ထုနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဆောမြို့နယ်၊ သရက်ချည်ကျေးရွာရှိ ရွာဦးကျောင်း၌ ဒီဇင်ဘာ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျောင်းထိုင်ဆရာတော် ဥူးသူရိယ၊သက်တော်(၈၄)နှစ်၊၀ါတော်(၆၄)၀ါသည် ကျောင်းစောင့်ဒကာ ဦးလှသောင်းနှင့်ဘုန်းကြီးကျောင်းအတွင်း ကွင်းပြင်၌ သန့်ရှင်းရေးဆောင်ရွက်နေစဉ် ဆရာတော်သည် အုန်းမောင်းသံချောင်း ခေါက်ရန်ကျောင်းပေါ်သို့အသွား ကျောင်းလှေခါးအရင်း အရောက်၌ တစ်ရွာတည်းနေ အောင်စန်း၊၅၃နှစ်သည် အရှည်(၂)ပေ (၁၀)လက်မခန့် ၊လုံးပတ် ကျပ်လုံးခန့်ရှိ သံတူရွှင်းကိုင်ဆောင်လျှက်ကျောင်းအတွင်းသို့ရောက်ရှိလာကာ ယခင်နေ့က ”ဆွမ်းဟင်း၊ ထမင်းများကို ဘုန်းကြီး ဆွမ်းဘုန်းမပေးရသေးဘဲ မင်းတို့ကအရင်စားနေတယ်”ဟု ပြောကြားခဲ့သည်ကို မကျေနပ်သဖြင့် ဆရာတော် အားရိုက်နှက်ခဲ့ရာ ဆရာတော်ဥူးသူရိယတွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း (၄)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာနားရွက် အနောက်ဘက်(၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ အောင်စန်းအား အရေးယူပေးရန် ကျေးရွာဆယ်အိမ်မှူး ဦးအေးလွင် မှ တရားလိုပြုတိုင်ကြားခဲ့သဖြင့် ဆောမြို့နယ်၊ကျောက်ထုနယ်မြေရဲစခန်းမှ(ပ) ၈၀/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၅ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

 ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းထိုက် က “ ဆရာတော်ကို မန္တလေးဆေးရုံကြီး သို့ပို့ဆောင်ခဲ့ရာ ဒီဇင်ဘာ(၃)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် မန္တလေးမြို့အဝင် အုန်းတောကျေးရွာအရောက် ပျံလွန်တော်မူသွားခဲ့၍ ပုဒ်မ ၃၀၂/၂၉၅ ဖြင့်ပြောင်းလဲအမှုဖွင့်ထားပါတယ် တရားခံအားဖမ်းပြီးပါပြီး တရားခံမှာ လူပျိုကြီးဖြစ်ပြီး မိခင်ဖြစ်သူနှင့် နေထိုင်ကြောင်း၊ပြစ်ချက်ဟောင်းရှိပြီး စိတ်မူမှန်သူမဟုတ်ကြောင်း ” ပြောကြားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဆောမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား စိတ်မူမမှန်သူက သံတူရွင်းဖြင့် ရိုက်သတ်  ဆောမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား စိတ်မူမမှန်သူက သံတူရွင်းဖြင့် ရိုက်သတ် Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.