မြန်မာလုပ်သား အစားထိုးဖို့ မလေးရှားဝန်ကြီး တိုက်တွန်း

( ဓါတ်ပုံ - မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက်အရ ၂ဝ၁၃ စက်တင်ဘာ ၂ ရက်နေ့က ရဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ် )
မြန်မာအစိုးရက မြန်မာနိုင်ငံက အလုပ်သမားတွေကို ထပ်မံစေလွှတ်ခြင်းမပြုတော့ဘူးဆိုရင် မိမိတို့ မလေးရှား ဒေသခံအလုပ်သမားတွေအနေနဲ့ အဲဒီလိုအပ်တဲ့နေရာတွေကို အစားထိုးဝင်ရောက်လုပ်ကိုင်ကြဖို့ မလေးရှား ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Seri Ismail ဒါတု ဆာရီ အစ်စမိုင်းလ် က တိုက်တွန်းလိုက်ပါတယ်။

ကွာလာလမ်ပူမြို့မှာ မနေ့က ကျင်းပတဲ့ ပြည်သူ့အင်အား ဖွံ့ဖြိုးရေးညီလာခံမှာ မလေးရှား ဒုဝန်ကြီးက မလေးရှားနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို လက်ရှိမှာ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံခြားတိုင်းပြည် ၁၄ ခုကဖြည့်ဆီးပေးနေကြောင်းလည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာလုပ်သား အစားထိုးဖို့ မလေးရှားဝန်ကြီး တိုက်တွန်း  မြန်မာလုပ်သား အစားထိုးဖို့ မလေးရှားဝန်ကြီး တိုက်တွန်း Reviewed by THITHTOOLWIN on 11:46 Rating: 5
Powered by Blogger.