အုတ်တွင်းမြို့နယ်အနီး အမြန်လမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦး သေဆုံး ၊ နှစ်ဦး ဒဏ်ရာရ

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်မောင်းသေဆုံးပြီး လိုက်ပါလာသူ(၂)ဦး ဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၄/၁-၂)ကြား၌ ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သိရပါသည်။

သတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဟန်ရဲရင့်ထူး (၂၃)နှစ်မောင်းနှင်လာသည့် 4M/×××× HILUX VIGO အနက်ရောင်ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်ကာထားသော အလူမီနီယံတန်းများအား တိုက်မိတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း ဟန်ရဲရင့်ထူးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော တစ်မြို့နယ်တည်းနေ ကိုပြည့်စုံဦး(၂၁)နှစ်နှင့် ကိုစိုးရန်ပိုင်(၂၂)နှစ် တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ယာဉ်မောင်း ဟန်ရဲရင့်ထူးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်


အုတ်တွင်းမြို့နယ်အနီး အမြန်လမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦး သေဆုံး ၊ နှစ်ဦး ဒဏ်ရာရ အုတ်တွင်းမြို့နယ်အနီး အမြန်လမ်းမှာ ယာဉ်တိမ်းမှောက် တစ်ဦး သေဆုံး ၊ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.