ကျိုင်းတုံတွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်က နေအိမ်အား ဝင်တိုက်


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဝေါ်ဟေးရပ်ကွက်တွင် ဒီဇင်ဘာလ (၈)ရက် ည(၇)နာရီခန့်က မော်တော်ယာဉ်တစ်စီး နေအိမ်ကို ဝင်တိုက်မိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဝေါ်ဟေးရပ်ကွက်ရှိ ဦးစိုင်းမုန့်၏ နေအိမ်အား စိုင်းအွန် မောင်းနှင်လာသော မော်တော်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။


"ကားမောင်းတဲ့ လူကမူးပြီးတော့ အရှိန်မထိန်းနိုင်ဘဲနဲ့ အကွေ့မှာ အိမ်ကို ဝင်တိုက်မိတာပါ။ အိမ်ထဲမှာက ကလေးတွေ ထမင်းစားနေပေမဲ့ ဘာမှမဖြစ်လို့ တော်သေးတယ်။ ကားကလည်း လေအိတ်ပွင့်သွားလို့ ယာဉ်မောင်းဘာမှ မဖြစ်ဘူး။"ဟု ယာဉ်တိုက်မှုဖြစ်ပွားမှုကိုတွေ့ရှိခဲ့သူ ကိုဝင်းမင်းဦးက ပြောသည်။

လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ စိုင်းအွန်အား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်
Tachileik News Agency
http://www.tachileik.net
ကျိုင်းတုံတွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်က နေအိမ်အား ဝင်တိုက်  ကျိုင်းတုံတွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်က နေအိမ်အား ဝင်တိုက် Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.