မိုင်းယောင်း၌ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား လေးဦး ဖမ်းဆီးရမိ


မိုင်းယောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား လေးဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မိုင်းယောင်းမြို့နယ်၊ ၀မ်တပ်ကျေးရွာအုပ်စု၊ ဟွေထန်ကျေးရွာ အနီးရှိ ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ၀င်ရောက်စစ်ဆေးရာ တရားမ၀င် ၀င်ရောက် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများဖြစ်သည့် ၀မ်မီကျုံး(ကျား)(၄၆)နှစ်၊ လီမန်ကျန်(ကျား)(၃၃)နှစ်၊ ကျားထင်ချန် (မ) (၃၀)နှစ်တို့ကိုလည်းကောင်း၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ဟိုဒုန်းကျေးရွာအနီးရှိ ငှက်ပျောခြံတွင် စစ်ဆေးရာ တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား တိန်ကွေ့ရီ (မ) (၅၄)နှစ်ကိုလည်း ကောင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ တရားမ၀င် ၀င်ရောက်အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား လေးဦးအား အရေးယူနိုင်ရေး မိုင်းယောင်းမြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလှဌေး
မိုင်းယောင်း (မြို့နယ်ပြန်/ဆက်)
မိုင်းယောင်း၌ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား လေးဦး ဖမ်းဆီးရမိ  မိုင်းယောင်း၌ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား လေးဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.